ဒါလေးကတော့အွန်လိုင်းနည်းပညာနဲ့ တော့မဆိုင်ပါဘူး အဓိပ္ပါယ်လေးကို ကြိုက်လို့ ပါ
“စိနေတ္တ နိယျေတ လောကော” ဤခေါင်းစဉ်မှာ ပညာအလင်းပြ ဆရာဖြိုးပြုစုသော “စိတ်ပညာအလင်းပြကျမ်းငယ်”၏ ကြေးမုံသဖွယ် စာတန်းကလေးပင်ဖြစ်သည်။ သည်တွင်ကျွန်တော်ကထိုစာတန်းကလေး၏နိဂုံးဖြစ်သော “စိတ္တဿ ဧကဓမ္မဿ ၊သဗ္ဒေ၀ ၀သ မန္ဒဂူ”ဟူသော နှစ်ပါဒကို ခေါင်းစဉ်တပ်လျက်ဖော်ပြရပါသည်။
မိမိ၏စိတ်ကိုရော သတ္တလောကကြီးကိုပါ မလိမ်ညာသော စိတ်၏ဘဘာဝကို အကြွင်းမဲ့သိမြင်နိုင်သော ဗုဒ္ဒသည်တရံရောအခါက အထက်ပါ “စိတ္တနေ နိယျေတေ လောကော“အစရှိသောဗုဒ္ဒ၀စနကို မြွက်ဟခဲ့ပါသည်။
စိတ်သည်လောကကို ဆောင်အပ်၏။စိတ်သည် လောကကိုဖန်တီး၏။စိတ်တည်းဟူသော တစ်ခုတည်းသာ ဓမ္မ၏အလိုသို့  အားလုံးသော သတ္တလောကသားတို့  အစဉ်တစိုက်
လိုက်ပါနေကြသည်။
• စိတ်ကြောင့်ပင် လူတွေပျက်စီးကြရသည်။
• စိတ်ကြောင့်ပင် ဆုတ်ယုတ်ကြရသည်။
• စိတ်ကြောင့်ပင် တိုးတက်ကြရသည်။
• စိတ်ကြောင့်ပင် အဘိညာဉ်တန်ခိုး ၊ မြေလျှိုးမိုးပျံတန်းခိုးတို့ အတန်တန်ကိုရရှိကြသည်။
• စိတ်ကြောင့်ပင် သံသရာဝဋ်ကြွေးမှ ကျွတ်လွတ်ထွက်မြောက်နိဗ္ဒာန်ရောက်ကြရသည်။
ဤမျှ ကြီးမားလှသော စိတ်တန်းခိုးစွမ်းအင်တို့ သည် သင့်၏ သန္တာန်တွင်ရှိ၏။ထို့ ကြောင့် ငုတ်လျှိုးနေသာ သင်၏စိတ်ဓါတ်စွမ်းအင်များကိုဖော်ထုတ်၍နိုးထပါစေလော့။
credit to :Dr.ထက်အောင်လှိုင်
Welcome to
Nl ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
နေဇာလင်း { ONLINEKNOWLEDGE }
NZLfacebook နှင့်ပါတ်သတ်သမျှ
ရွှေမြန်မာ အမျိုးသမီးများ လေ့လာစရာ ဗဟုသုတများ
0 comments:
Post a Comment